မိတ်ကပ်မဖျက်ဘဲ အိပ်လိုက်မိတဲ့အခါ
အပျင်းကြီးတဲ့ လေဒီလေးတွေ၊ တစ်နေကုန် ပင်ပန်းထားလို့ အိမ်ပြန်ရောက်တာနဲ့ အိပ်ရာပေါ် တန်းလှဲပြီး မနက်ကျမှပဲ မျက်နှာသစ်တော့မယ်ဆိုပြီး တွေးမိကောင်းတွေးမိမှာပါ။
တကယ် အဲဒီလို မိတ်ကပ်မဖျက်ဘဲ အိပ်လိုက်တဲ့လေဒီလေးတွေကတော့ မနက်အိပ်ရာထရင် ဘာဖြစ်လဲဆိုတာ သိနေပြီးသားဖြစ်လောက်မယ်ထင်ပေမယ့် မသိသေးသူများအတွက် ပြောပြပေးချင်ပါတယ်။
မိတ်ကပ်မဖျက်ဘဲ အိပ်လိုက်ခြင်းရဲ့ အသားအရေပေါ် အကျိုးဆက်များ
၁။ မျက်တောင်အမြစ်နေရာမှာ ရောင်ပြီး ပိုးဝင်သလိုဖြစ်နေမယ်။
၂။ ရှိပြီးသားဝက်ခြံတွေ ပိုဆိုးလာစေနိုင်သလို ဝက်ခြံပေါက်သွားအောင်လည်း ဖန်တီးပေးနိုင်ပါတယ်။
၃။ ချွေးပေါက်တွေ ပိုကျယ်လာမယ်။
၄။ ပန်းနုရောင်သမ်းနေခြင်း မရှိတော့ဘဲ အသားအရောင်က နောက်ကျိကျိဖြစ်နေမယ်။
၅။ အရေးအကြောင်းများ တဖြည်းဖြည်းထင်လာပြီး လူကို ပိုပြီးအိုမင်းရင့်ရော်လာစေတယ်။
၆။ နှုတ်ခမ်းတွေ ခြောက်သွေ့အက်ကွဲနေမယ်။
၇။ မျက်လုံးများ ယားယံနေပြီး မျက်ဝတ် (မျက်ချေး) တွေ အများကြီးထွက်နေမယ်။
၈။ ယာယီမျက်စိစွံသွားနိုင်တယ်။
၉။ အရေပြားရဲ့ တခြား Skin Care တွေရဲ့ အာနိသင်စုပ်ယူနိုင်ခြင်းကို အဟန့်အတားဖြစ်စေတယ်။
၁၀။ ချွေးပေါက်ထဲမှာ မိတ်ကပ်၊ အဆီ၊ ချွေး၊ ဖုန်မှုန့်၊ အညစ်အကြေးတွေ သွားပြီး ပိတ်မိနေမယ်။
၁၁။ အရည်ကြည်အိတ်များ ဖြစ်လာစေနိုင်တယ်။
၁၂။ အမည်းစက်၊ အဆီဖုများ ထွက်လာနိုင်တယ်။
၁၃။ အသားအရေခြောက်သွားစေနိုင်တယ်။ နိုးနိုးချင်းမှာတော့ မျက်နှာကအဆီရွှဲပြီး ဖုန်တွေနဲ့ အဆီတဝင်းဝင်းဖြစ်နေတတ်ပါတယ်။
ဒါကြောင့် ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ မအိပ်ခင်မှာ ကိုယ်တစ်နေ့တာ လိမ်းထားသမျှ မိတ်ကပ်တွေ၊ အလှကုန်ပစ္စည်းတွေကို ပြောင်စင်အောင် Cleanser, Makeup remover တွေနဲ့ သေချာဖျက်ပြီးမှသာ အိပ်ကြဖို့ အကြံပေးလိုက်ပါတယ်နော်။
ရဲမျိုးမြတ်